Main menu

ဆိပ်ဖြူမြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်ဈေးနှုန်းများ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ဆန်လိုဒေသဖြစ်သောကြောင့် ဆန်စပါးအများဆုံး စိုက်ပျိုးထွက်ရှိရာဒေသများဖြစ်သော အခြားတိုင်းဒေသကြီးများနှင့် မြို့နယ်များမှ ဆန်များဝယ်ယူတင်သွင်းလျက်ရှိသောမြို့ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရှောက်တောနှင့် တောင်တွင်းကြီးမြို့များနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ မြောင်းမြမြို့များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုဒေသများမှလည်း ကုန်းလမ်းဘက်မှ မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိသည်။ ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် ဆန်(အသစ်နှင့်အဟောင်း)များဝင်ရောက်လျက်ရှိပြီး ယခင်ဖေဖော်ဝါရီလ(ဒုတိယပတ်)ထက် ဆန်ဈေးနှုန်းများမြင့်တက်လာသည်ကိုတွေ့ရှိရသည်။

    မတ်လ(ဒုတိယပတ်)တွင် ဆန်ဈေးနှုန်းများမှာ ဆင်ဖြူကျွန်း ဧရာပဒေသာဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် (၁၇၀၀၀၀)၊ စလင်းဆန် ဒို့ရွှေအိုး(အဟောင်း) တစ်အိတ်လျှင် ကျပ် (၁၆၅၀၀၀)၊ စလင်းဆန် ဒို့ရွှေအိုး(အသစ်)တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ ဆင်ဖြူကျွန်း မနောသုခ ဆန် (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၃၀၀၀)၊ ဆင်ဖြူကျွန်း မနောသုခဆန် (အသစ်)  တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ ဆင်းသုခဆင်ဖြူကျွန်း(အဟောင်း)တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊  မနောသုခ ဆင်ဖြူကျွန်းဆန် (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ မနောသုခ ဆင်ဖြူကျွန်း ဆန်(အသစ်) တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ မြန်မာပြည်အောက်ပိုင်းရှိ မြောင်းမြဧရာပဒေသာဆန် (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၃၀၀၀)၊ မြောင်းမြရာပြည့်ဖန်သီးဆန်(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ မြောင်းမြဆန် စိန်ပုလဲသု(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ဖန်သီး အောင်တံခွန်ဆန်(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရွှေဘိုပေါ်ဆန်းမွှေး(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၈၀၀၀၀)၊ ရွှေဘိုပေါ်ဆန်းမွှေး(အသစ်) တစ်အိတ်လျှင် ကျပ်(၁၆၈၀၀၀)၊ မြောင်းမြပေါ်ဆန်း(အဟောင်း)တစ်အိတ်လျှင် ကျပ်(၁၈၀၀၀၀)၊ မြောင်းမြပေါ်ဆန်း(အသစ်) တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ကောက်ညှင်းဆန်(အသစ်) တစ်ပြည်လျှင် ကျပ်(၆၀၀၀)၊ ကောက်ညှင်းဆန်(အသစ်) တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ငချိတ်ဆန်တစ်ပြည်လျှင် ကျပ်(၇၅၀၀)ဖြင့် ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

        ယခင်ဖေဖော်ဝါရီလ(ဒုတိယပတ်)နှင့် ယခုမတ်လ(ဒုတိယပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် ဆင်ဖြူကျွန်း ဧရာပဒေသာဆန်တစ်အိတ်လျှင် ကျပ်(၁၀၀၀၀)၊ စလင်းဆန် ဒို့ရွှေအိုး တစ်အိတ်လျှင် ကျပ်(၅၀၀၀)၊ ဆင်ဖြူကျွန်း မနောသုခဆန်တစ်အိတ်လျှင် ကျပ်(၃၀၀၀)၊ ရွှေဘိုပေါ်ဆန်း(အသစ်) တစ်အိတ်လျှင် ကျပ်(၈၀၀၀)၊ မြောင်းမြပေါ်ဆန်း(အသစ်) တစ်အိတ်လျှင် ကျပ် (၅၀၀၀)၊ ကောက်ညှင်းဆန်တစ်အိတ်လျှင် ကျပ်(၁၀၀၀၀) ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မကွေး)