Main menu

ဆိပ်ဖြူမြို့ပေါ်ရှိ စားသုံးဆီဈေးကွက်အခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ပေါ်တွင် စားသုံးဆီလက်လီလက်ကားအရောင်းဆိုင် (၁၈)ဆိုင်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ခုနှစ်၊ မတ်လ (ဒုတိယ ပတ်)တွင် စားသုံးဆီဈေးနှုန်းများတည်ငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ဆုံပဲဆီသန့်တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ စက်ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ ပဲစက်ကျဆီတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၉၀၀၀မှ ၉၅၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ နှမ်းရောဆီတစ်ပိဿာလျှင် ကျပ်(၇၀၀၀-၉၅၀၀-၁၂၀၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၅၈၅၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

     ယခင်ဖေဖော်ဝါရီလ (ဒုတိယပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပြီး မြေပဲ/နှမ်းဆီဈေးနှုန်းများမှာ ဈေးတည်ငြိမ်၍ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသတွင်းဆီထွက်သီးနှံမြေပဲများမှာ လှိုင်လှိုင်ပေါ်လျက်ရှိသော်လည်း မြေပဲဈေးကွက်ကျဆင်းခြင်းမရှိ၍ စားသုံးဆီဈေးနှုန်းမှာလည်း ဈေးငြိမ်နေကြောင်း မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)