![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/အခြေခံစားကုန်_19.jpg?itok=3Cm4FE5u)
၂၀၂၄ ခုနှစ် မတ်လ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည် ၇၅၀၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၄၀၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၄၂၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ (ရှမ်းစ) တစ်ပိဿာ ၁၅၅၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်) တစ်ပိဿာ ၁၇၅၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၃၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၄၀၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၅၀၀၀ ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
ကျိုင်းတုံမြို့တွင် မတ်လ ဒုတိယပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၆၅၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၂၅၀ ကျပ် နှင့် ဘဲဥ တစ်လုံး ၄၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၇၅၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၆၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်မတ်လပထမပတ်နှင့် နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ)၊ ဧည့်မထ(ဒေသ)ဆန်၊ ကြက်သွန်နီဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်းနှင့် ကြက်သွန်ဖြူ(ရှမ်းစ)ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)