Main menu

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ မတ်လ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၈၀၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၉၃၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၆၀၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၁၇၀၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၁၇၀၀၀)ကျပ် ဖြစ်ပါသည်။

     ကျိုင်းတုံမြို့ရှိ မတ်လ ဒုတိယအပတ် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၂၅၀၀၀) ကျပ်၊ တီဆူပါ (may) (၁)လီတာလျှင် (၅၀၀၀၀)ကျပ်၊ ယူရီးယား(မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၀၀၀၀၀)ကျပ် ဖြစ်ပါသည်။

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဘိလပ်မြေဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး တာချီလိတ် မြို့ရှိ ဘိလပ်မြေဈေးနှုန်းမှာ ယခင် မတ်လ ဒုတိယအပတ်ထက် ဈေးနှုန်းအနည်းငယ် မြှင့်တက်လျက် ရှိကြောင်း သိရှိပါသည်။ ကျိုင်းတုံမြို့ရှိ ဓာတ်မြေဩဇာဈေးနှုန်းများအနေဖြင့် တီဆူပါ(May)နှင့် ယူရီးယား (မြင်းပျံ)တို့မှာ ယခင် မတ်လ ပထမအပတ်ထက် ဈေးနှုန်းအနည်းငယ်မြှင့် တက်လာကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)