Main menu

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများ ဆက်လက်ကျဆင်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာစိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရှိရပါသည်။

   မုံရွာမြို့နယ်၌ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ်(၅၀၀၀-၇၀၀၀)ဖြင့် လည်းကောင်း၊ မတ်လ(ပထမပတ်)တွင် ငွေကျပ်(၃၀၀၀-၄၀၀၀) ဖြင့်လည်းကောင်း၊ မတ်လ (ဒုတိယပတ်) တွင် ငွေကျပ် (၂၀၀၀-၂၅၀၀)ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဆောင်းအကုန် နွေရာသီတွင် ကွမ်းအထွက်နှုန်းတိုးပြီး ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများကာ  ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)