Main menu

ဂေါ်ဖီထုပ်ဈေးနှုန်း/ ဈေးကွက်အခြေအန

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ရိုး၏ အရှေ့ဘက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာတို့တွင် ဂေါ်ဖီအနည်းငယ်စိုက်ပျိုးပြီး ဈေးကွက်အတွင်း လိုအပ်သောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်မှ  မှာယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

      ဂေါ်ဖီထုပ်ဈေးနှုန်းမှာ ဖေဖော်ဝါရီလအတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး (၉၀၀) ကျပ်၊ အသေး (၅၀၀) ကျပ်ဖြင့်ရောင်းချရပြီး ဂေါ်ဖီထုပ်တစ်ထုပ်ကို လေးခြမ်းစိပ်ကာ ရောင်းချပါက တစ်ခြမ်းလျှင် ၃၀၀ကျပ်ဖြင့် ကျပ် (၁၂၀၀) ဈေးနှုန်း စသည်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မတ်လတွင် ဂေါ်ဖီတစ်ထုပ်လျှင် အကြီး (၁၀၀၀) ကျပ်၊ အသေး (၆၀၀) ကျပ်ဈေးနှုန်းရှိခဲ့ပြီး ဖေဖော်ဝါရီလနှင့် မတ်လဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး(၁၀၀) ကျပ်၊ အသေး(၁၀၀)ကျပ်ခန့်ဈေးနှုန်းမြင့်တက်လာကြောင်း မုံရွာမြို့၊ ကန်သာယာဈေးရှိ ရောင်းချသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)