Main menu

စားသုံးသူကာကွယ်ပေးရေး အသိပညာပေး Talk Show

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံး သူကာကွယ်ရေးအသိ ပညာပေး Talk Showကို ၂၀၂၄ခုနှစ် မတ်လ ၁၄ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီ အချိန်တွင် ဓနုဖြူလူထု အခြေပြု ဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

    အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ စားသုံးသူများသိရှိနိုင်ဖို့ ရှင်းလင်းပြောကြားပေးပါရနဆွေးနွေးဖို့မေး မြန်းရာ ဦးခိုင်လွမ်းမိုးမှ စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ၂၀၁၄ခုနှစ် မတ်လ(၁၄)ရက်နေ့က ပြည် ထောင်စုလွတ်တော်မှ ဥပဒေအမှတ်(၁၀)ဖြင့် ပြဌာန်းခဲ့ပြီး စားသုံးသူအသိပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ ကွင်းဆင်းစစ်ဆေးခြင်းများ၊ စာသင်ကျောင်းများ၊ ဈေးများ၊ ရပ်ကွက်များ၊ ကျေးရွာများ၊ လူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး ဥပဒေအတွက် စားသုံးသူအခွင့်အရေး အပြည့်အဝ ရရှိစေ ရန် ဥပဒေကို ထပ်မံ၍ ရေးဆွဲပြင်ဆင်ခဲ့ပြီး ၂၀၁၉ခုနှစ် ပြည်ထောင်စု လွတ်တော်ဥပဒေအမှတ် (၉) ဖြင့် ၂၀၁၉ မတ်လ ၁၅ရက်နေ့က အတည်ပြု ပြဌာန်းလိုက်ပါသည်။ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၈ရက်နေ့ အမိန်ကြော်ငြာစာအမှတ် ၉/၂၀၂၂ ဖြင့် ထုတ်ပြန်ထားပါသည်။ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များဖြင့် ဆောင်ရွက်လျက်ရှိ ပြီး မျော်မှန်းချက်အနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိပါ သည်။

     စားသုံးသူရေးရာဦးစီးဌာနက အဓိကဆောင်ရွက်နေတဲ့ လုပ်ငန်းကတော့ စားသုံးသူကာကွယ်ရေးလုပ် ငန်းများကို ဆောင်ရွက်နေပြီး စားသုံးသူများ ထိခိုက်နစ်နာမှု မရှိသေးမီအခြေအနေနှင့် ထိခိုက်နစ်နာမှုရှိပြီး အခြေအနေဆိုပြီး ယေဘုယျအားဖြင့် (၂)မျိုးခွဲခြားလိုရကြောင်း ထိခိုက်နစ်နာမှုရှိတဲ့အခြေအနေမှာတော့ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့က သတ်မှတ် ဆောင်ရွက် ပေးသည့်မျှတမှုရှိသော လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူဘက်က တစ်ဖက်သတ်ရပ် တည်ပြီး စီးပွားရေးလုပ်ငန်းရှင်များကို ဖိနှိပ်ထားတာမျိုးမဟုတ်ဘဲ စားသုံးသူများကိုလည်း စားသုံးသူ ကာကွယ်ရေးဥပဒေအရကာကွယ်ပေးပြီး စီးပွားရေးလုပ်ငန်းရှင်များကို ဥပဒေပါပြဌာန်းချက်တွေနဲ့အညီ လိုက် နာဆောင်ရွက်စေရန် ထိန်းကြောင်းတည့်မတ်ပေးသော လုပ်ငန်းများဖြစ်ကြောင်း၊ အကြံပြုဖြည့်စွက် ပြောကြားရလျှင် စားသုံးသူများ ကုန်စည် (သို့) ဝန်ဆောင်မှုကို အသုံးပြုမည်ဆိုလျှင် ယနေ့ခေတ်အခါမှာ လူတော်တော်များများက ဆိုရှယ်မီဒီယာကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါသည်။ အသုံးပြုလာမှု အပေါ်တွင် ကောင်းကျိုးတွေတွေ့ရသလို ဆိုးကျိုးတွေလည်းတွေ့ရပါသည်။ ကောင်းကျိးဆိုတာကတော့ ပစ္စည်းတွေ ရောင်းတဲ့အခါ Online Internet အသုံးပြုပြီး Page တွေ Online Shop တွေမှတဆင့် ကိုယ်လိုချင်သော ကုန်ပစ္စည်းတွေကို မအားလပ်လို့ ကိုယ်တိုင်ကိုယ်ကျ ဆိုင်မှာ မဝယ်ယူနိုင်တဲ့အခါ အိမ်တိုင်ရာရောက်မှာယူ လို့ရနိုင်ပြီးဖြစ်ကြောင်း၊ အချိန်ပေးပြီးမဝယ်ယူနိုင်သူအတွက် အဆင်ပြေစေနိုင်သည်။ ဆိုးကျိုးအနေနဲ့ကတော့ လုပ်ငန်းရှင်တိုင်းကိုမဆိုလိုပါ တစ်ချို့စားသုံးသူအနေနဲ့ Online ကနေ့တဆင့် မှာယူတဲ့အခါ ကြော်ငြာထားသော ပစ္စည်းပုံစံကတစ်မျိုး လာပို့သည့်ပစ္စည်းပုံစံကတစ်မျိုး ဖြစ်နေတာတွေ့ ကြုံတွေ့နေကြသည်။ ပစ္စည်းဝယ်ယူသည့်အခါ ပစ္စည်းမရောက်ခင် ငွေကြိုလွဲပေးရပြီး ပစ္စည်းမရောက်၍ ဆက်သွယ်သည့်အခါ ဆက်သွယ်၍မရပဲ Block ပြုလုပ်၍ လိမ်ညာမှုများဖြစ်ပေါ်နေကြောင်း၊ ကျွန်တော်တို့ စားသုံးမိဘပြည်သူများအနေဖြင့် အွန်လိုင်းမှတဆင့် ကုန်ပစ္စည်းဝယ်ယူသောအခါ Blue Markရပြီးသား Page ၊ ဆိုင်လိပ်စာ အတိအကျသိသောဆိုင်များ၊ ယုံကြည်စိတ်ချရသော ဆိုင်များတွင်သာဝယ်ယူရန် အသိပညာပေးအကြံပြု အသိပညာပေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)