Main menu

ပခုက္ကူမြို့ပေါ် အိမ်ဆောက်ပစ္စည်းဆိုင်များသို့ ဘိလပ်မြေဈေးနှုန်းနှင့် လက်ကျန်အခြေအနေများကို ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် မြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၁၉.၃.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ဘိလပ်မြေဈေးနှုန်းနှင့် လက်ကျန်များကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အိမ်ဆောက်ပစ္စည်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ သီဟကမ္ဘာ၊ မိုးမခ၊ ကျော်၊ သိန်း ဆိုင်များသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ ထိုဆိုင်များတွင် ရောင်းချသောဘိလပ်မြေအမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ အပါချီ၊ အယ်လ်ဖာ အမျိုးအစားများဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့မှ ကုန်ပစ္စည်းဝင်ရောက်မှု များကြောင်း၊  ဈေးနှုန်းများအနေဖြင့် ဘိလပ်မြေ ကြံ့နှစ်ကောင်(၁)အိတ်လျှင် ကျပ်(၁၁၅၀၀)၊ အပါချီ (၁)အိတ်လျှင် ကျပ်(၁၁၅၀၀)၊ အယ်လ်ဖာ (၁)အိတ်လျှင် ကျပ်(၁၁၈၀၀)ဖြစ်ပြီး ယခင်မတ်လ (ဒုတိယပတ်)တွင် ကြံ့နှစ်ကောင် ဘိလပ်မြေ(၁)အိတ်လျှင် ကျပ်(၁၀၃၀၀)၊ အပါချီ(၁)အိတ်လျှင် ကျပ်(၁၀၅၀၀)၊ အယ်လ်ဖာ (၁)အိတ်လျှင် ကျပ်(၁၀၀၀၀)ဖြစ်ကြောင်း၊ ယခုမတ်လ (တတိယပတ်) တွင်  ဘိလပ်မြေ ကြံ့နှစ်ကောင် (၁)အိတ်လျှင် ကျပ်(၁၂၀၀)၊ အပါချီ (၁)အိတ်လျှင် ကျပ်(၁၀၀၀)၊ အယ်လ်ဖာ (၁)အိတ်လျှင် ကျပ်(၁၈၀၀)ဈေးတက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ပစ္စည်း အနေဖြင့် ပြတ်လပ်မှုမရှိသော်လည်း လက်ကျန်နည်းကြောင်း၊ ကုန်သွယ်မှု လမ်းကြောင်းများ ချောမွေ့ပါက ကုန်ပစ္စည်းဝင်ရောက်မှုများ၍ ရောင်းအားဝယ်အားကောင်းပြီး ဈေးနှုန်းသက်သာမည်ဖြစ်ကြောင်း၊ ယခုအချိန်အခါတွင် မြို့ပေါ်၌ ဆောက်လုပ်ရေးလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိ၍ ကုန်ပစ္စည်းအရောင်းသွက်လျက်ရှိကြောင်း ဘိလပ်မြေအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)