မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်/ဘဲဈေးတွင်ရောင်းချနေသော ကြက်/ဘဲများမှာ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်ကောင်း၊ အရောက်ပို့စနစ်ဖြင့်လည်းကောင်း အသီးသီးဝင်ရောက်လျက်ရှိရာ၊ ကြက်/ဘဲဈေးတွင် ၂၀၂၄ခုနှစ်၊ မတ်လ ၂၁ရက်နေ့အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ကြက်အရှင်၊ အိမ်မွေးကြက် ၁ပိဿာလျှင် (၁၇၀၀၀-၁၇၅၀၀)ကျပ်နှင့် ကုန်အဝင်ပိဿာ (၂၄၂၀)ပိဿာ၊ အသားတိုးကြက် ၁ပိဿာလျှင် (၆၄၀၀-၆၅၀၀) ကျပ်နှင့် ကုန်အဝင် ပိဿာ (၄၂၉၀၀)ပိဿာ၊ မွေးမြူရေးကြက်(ထီး/မ) ၁ပိဿာလျှင် (၈၀၀၀-၉၀၀၀)ကျပ်နှင့် ကုန်အဝင်ပိဿာ (၁၇၉၅၀)ပိဿာ၊ ဘဲအရှင် ၁ပိဿာလျှင် (၆၀၀၀-၉၀၀၀)ကျပ်နှင့် ကုန်အဝင် ပိဿာ (၂၀၀)ပိဿာ၊ ချယ်ရီ/ဘယ်ရီဘဲ ၁ပိဿာလျှင် (၉၄၀-၉၅၀၀)ကျပ်နှင့် ကုန်အဝင်ပိဿာ (၇၀၀) ပိဿာတို့ဖြင့် စုစုပေါင်းကုန်အဝင်ပိဿာချိန် (၈၄၁၇၀) ပိဿာရှိကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)