Main menu

သံချောင်းဈေးနှုန်း အခြေအနေ

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်း ရွှေပြည်သာမြို့နယ်၊ မိဘမေတ္တာအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ သံချောင်းဈေးနှုန်းစာရင်းကို နေ့စဉ် နံနက်(၁၀)နာရီတွင် ကောက်ယူလျက်ရှိပါသည်။ ထိုသို့ကောက်ယူရာတွင် သံချောင်းအမျိုးအစားမှာ (၅)မျိုးရှိပြီး ၎င်း(၅)မျိုးမှာ HRB 400, HRB 500, H-Beam, I-Beam, Hollow များဖြစ်ပါသည်။

          HRB 400 နှင့် HRB 500 တို့တွင် 10M, 16M, 16M, 20M, 25M စုစုပေါင်း(၆)မျိုးရှိကာ (10M) မှာ  တစ်တန် (၁၃၅)ချောင်း၊ (12M) (၈၈)ချောင်း၊ (16M) (၅၃)ချောင်း၊(18 M) (၄၁)ချောင်း၊(20 M) (၃၃)ချောင်း၊(25M) (၂၃)ချောင်း အသီးသီးပါရှိ၍ (၁)တန်လျှင်တန်ဖိုး(၁၀)သိန်းနှင့် အထက်တွင်ရှိပြီး H-Beam ဈေးနှုန်း (၁)တန်လျှင် (၁၅)သိန်း (၈)သောင်း အနည်းဆုံးဖြစ်၍ အများဆုံး (၁၇) သိန်း(၅)သောင်းဖြစ်ကြောင်းနှင့် I-Beam ဈေးနှုန်းမှာလည်း အနည်းဆုံး(၁)တန်လျှင် (၁၅)သိန်း (၂)သောင်းကျော်ဖြစ်၍ အများဆုံး(၁၇)သိန်း (၉)သောင်းကျော်ဖြစ်ကြောင်း သိရှိရပါသည်။ အိမ်ဆောက်ပစ္စည်းတစ်ခုဖြစ်သည့် Hollow ဆိုဒ်စုံမှာလည်း (၁)တန်လျှင် အနည်းဆုံး (၁၉)သိန်း (၇)သောင်းကျော်ရှိပြီး အများဆုံးမှာ (၁၉)သိန်း (၉)သောင်းကျော်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်း‌ဒေသကြီး