မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၁၆.၅.၂၀၂၄ ရက်နေ့တွင် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ၏ Talk Show အစီအစဉ်တွင် Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံမှ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဦးစွာပြောကြားပြီးနောက် Online ရောင်းဝယ်မှုဆိုင်ရာနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီး ဌာနမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား မေးမြန်းခဲ့ရာ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းက အွန်လိုင်း စနစ်ဖြင့်ရောင်းချခြင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် လိုအပ်သော စာရွက်စာတမ်းများပြင်ဆင်ပုံ အဆင့်ဆင့်၊ အွန်လိုင်းမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူများ ဝယ်ယူသုံးစွဲရာ၌ နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် ဌာနမှ အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေကြောင်း၊ နစ်နာမှုများရှိလာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် အွန်လိုင်းရောင်းဝယ်မှုနှင့်ပတ်သက်၍ စားသုံးသူများ ဝယ်ယူမှုမပြုမီ သတိပြုသင့်သည့် အချက်များအား အသေးစိတ်ဆွေးနွေးခဲ့ပြီး ဌာန၏ လက်ကမ်းစာစောင်နှင့်ဂျာနယ်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)