Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ တိုင်းဒေသကြီးအကျဉ်းဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

Powered by Drupal

      (၁၇.၅.၂၀၂၄)ရက်နေ့၊နံနက်(၁၀)နာရီမှ(၁၁)နာရီအထိ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူးလမ်းညွှန်မှုဖြင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ် ဦးဆောင်၍ ဝန်ထမ်းများသည် တိုင်းဒေသကြီးအကျဉ်းဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ရာ အကျဉ်းဦးစီးဌာန၊ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်း စုစုပေါင်း(၃၅)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

     အဆိုပါဟောပြောပွဲတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဒေါ်ရီလင်းထွဋ်က စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအကြောင်းနှင့် အသိပညာပေးဟောပြောပွဲတွင် ထည့်သွင်းဟောပြောရန် ရုံးချုပ်မှညွှန်ကြားလာသော အီလက်ထရောနစ်အငွေ့ရှူစက်များနှင့် ပတ်သက်၍ စားသုံးသူများအားအသိပညာပေးရန်နှင့် ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်အကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာန၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာအကြောင်း၊ ကျန်းမာရေးရှူထောင့်အရ စားသုံးဆီများ လျော့ပေါ့စားသုံးသင့်သော အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဟောပြောခြင်း၊ တိုင်းဒေသကြီး စားသုံးသူဌာနခွဲတာဝန်ခံဦးစီးအရာရှိဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ တိုင်ကြားနိုင်မှုနည်းလမ်းများနှင့် တိုင်ကြားညှိနှိုင်းဖြေရှင်းဆောင်ရွက်ထားရှိမှုများအကြောင်းကို ဌာန၏ VIDEO-ကလစ်များပြသ၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော အရာထမ်းအမှုထမ်းများမှ သိလိုသည်များအား အပြန်အလှန်ဆွေးနွေးမေးမြန်းခြင်းနှင့် ဌာန၏ ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)