Main menu

“ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) အစည်းအဝေး” ကျင်းပပြုလုပ်

Powered by Drupal

         ရန်ကုန်တိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၊ (၁/၂၀၂၂) အစည်းအဝေးကို ၂၂.၂.၂၀၂၂ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၃)၌ ကျင်းပပြုလုပ်ခဲ့ရာ စာသုံးသူရေးရာကော်မတီ(ဥက္ကဌ)၊ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးနှင့် ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

         အဆိုပါအစည်းအဝေး၌ စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များအရ ဖြေရှင်းသွားရန်လိုအပ်ပါက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ တင်ပြချက်များကို ဆုံးဖြတ်သွားရန်နှင့် တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ချမှတ်ထားသော အမိန့်များကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း အမိန့်များချမှတ်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး (စားသုံးသူရေးရာကော်မတီ၊ အတွင်းရေးမှူး) ဦးရဲထွဋ်နိုင်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တင်ပြထားသော အမှာစာများအား ဖတ်ကြားတင်ပြအတည်ပြုရယူပြီးနောက် တက်ရောက်လာသော ကော်မတီဝင်များမှ အထွေထွေဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးအား (၁၁:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ရန်ကုန်)