Main menu

ရွှေဘိုမြို့တွင် မေလ တတိယပတ်၌ ဖြစ်ပေါ်နေသောစက်သုံးဆီဈေးနှုန်းများ

Powered by Drupal

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပါသည်။ ‌

          ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင်(၁၉)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၇၆၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၈၇၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၄၇၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

          ယခု ၂၀၂၄ခုနှစ်၊ မေလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92)တစ်လီတာလျှင်(၂၇၂၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင်(၂၈၅၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်(၂၄၅၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင်(၂၅၀၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင်(၄၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင်(၂၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)