Main menu

အထည်ဝယ်ယူခြင်းနှင့် ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နေ တိုင်ကြားသူ တစ်ဦးသည် အထည်လက္ကားဖြန့်ချိရေးထံမှ စွပ်ကျယ်ရောင်စုံ(၆)ထည်အား (၁)ထည်လျှင် ငွေကျပ် ၅,၀၀၀/- နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၀,၀၀၀/-ကိုလွှဲ၍ Online မှတစ်ဆင့် ဝယ်ယူခဲ့ရာ ပစ္စည်းပေးပို့ရာတွင် မူလဝယ် ယူသည့် ပစ္စည်းမဟုတ်ဘဲ ပြောင်းလဲပေးပို့လာသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦး စီးမှူးရုံးသို့ E-mail မှတဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။

   တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့ထံ ဖုန်းဖြင့်ဆက်သွယ်၍ နှစ်ဦးနှစ်ဖက်ညှိနှိုင်းဖြေရှင်းပေးခဲ့ရာ ၂၉-၄-၂၀၂၄ ရက်နေ့တွင် အထည်လက္ကားဖြန့်ချိရေးဆိုင်က  တိုင်ကြားသူဝယ်ယူထားသည့် အထည်ဖိုးငွေကို တိုင်ကြားသူထံသို့  KBZ Pay  ဖြင့် ပြန်လည်လွှဲပေးခဲ့ပြီး တိုင်ကြားသူမှလည်း ရောက်ရှိလာသည့်အထည်များအား  Delivery ဖြင့် ပြန်လည်ပေးပို့ခဲ့သည့်အတွက် နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိသောကြောင့် စားသုံးသူကာကွယ်ရေး ဥပဒေအရ စေ့စပ်ညှိနှိုင်းခြင်းနည်းလမ်းဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။