Main menu

စိုက်ပျိုးရေးအရောင်းဆိုင်တစ်ခုထံမှ ဓါတ်မြေသြဇာဝယ်ယူခဲ့ခြင်းနှင့် ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

     ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နေ တိုင်ကြားသူတစ်ဦးသည် စိုက်ပျိုးရေးအရောင်းဆိုင်တစ်ခုထံမှ xxx အမှတ်တံဆိပ်ပါ ဓါတ်မြေသြဇာအား ဝယ်ယူခဲ့ရာ ယင်းဓါတ်မြေဩဇာသည် ယခင်အသုံးပြုခဲ့သော ပစ္စည်းနှင့် ပုံသဏ္ဍာန်၊အရောင်အသွေးကွဲလွဲမှုရှိခြင်း၊ အမဲရောင်အလုံးများ ရောနှောနေခြင်းတို့ကြောင့် ဝယ်ယူခဲ့သည့် ဆိုင်သို့သွားရောက်၍ ယခင်သုံးစွဲသော အမှတ်တံဆိပ်ပါ ဓါတ်မြေသြဇာနှင့်ကွဲလွဲနေကြောင်း ပြောကြားပြီး ပစ္စည်းအစစ်ကိုသာ ပြန်လဲပေးရန် တောင်းဆိုခဲ့သော်လည်း လဲလှယ်ပေးခြင်းမရှိသည့်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ လူကိုယ်တိုင် လာရောက်တိုင်ကြားလာပါသည်။

      တိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများက တိုင်ကြားခံရသူအား  ခေါ်ယူမေးမြန်းခဲ့ရာ ဓါတ်မြေသြဇာများကို တဆင့်ဝယ်ယူရောင်းချခြင်းကြောင့် အရည်အသွေးပြည့်မီခြင်းမရှိသော ဓါတ်မြေသြဇာများပါရှိလာသည်ကို မသိရှိပါကြောင်းနှင့် ဝယ်ယူသူကပြောကြားမှသာ အရည်အသွေးမပြည့်သည်ကို သိရှိရကြောင်း ဖြေကြားခဲ့သဖြင့် နောင်တွင်အရည်အသွေးမပြည့်သော ဓါတ်မြေသြဇာများကို ရောင်းချခြင်း မပြုပါကြောင်းနှင့် တောင်သူများနစ်နာဆုံးရှုံးမှုမရှိစေရန် မှန်ကန်ပြီး အရည်အသွေးပြည့်ဝ သော အာမခံချက်ရှိသည့် ဓါတ်မြေသြဇာများကိုသာ ရောင်းချသွားမည်ဖြစ်ကြောင်းကို ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) အရ သတိပေးခြင်း အမိန့်ကိုချမှတ်ခဲ့သည့်အတွက် တိုင်ကြားသူမှလည်း လက်ခံကျေနပ်မှုရှိသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။