Main menu

ပိုးသတ်ဆေးဝယ်ယူခဲ့ခြင်းနှင့် ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ဝါးခယ်မမြို့နေ တိုင်ကြားသူတစ်ဦးက  ပိုးသတ်ဆေးဆိုင်တစ်ဆိုင်သည် ဥပဒေမဲ့ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပိုးသတ်ဆေးရောင်းချနေမှုနှင့် ပိုးသတ်ဆေးအနံ့များကြောင့် ကျန်းမာရေးဆိုးဝါးစွာ ခံစားနေရသဖြင့်  စားသုံးသူ ရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ လူကိုယ်တိုင် လာရောက်တိုင်ကြားလာပါသည်။

       တိုင်ကြားမှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ အကြောင်းကြားချက်အရ မြောင်းမြခရိုင်ဦးစီးမှူးသည် စိုက်ပျိုးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ရာ တိုင်ကြားခံရသည့် ပိုးသတ် ဆေးဆိုင်သည် စိုက်ပျိုးရေးဦးစီးဌာန၏ ခွင့်ပြုချက် လိုင်စင်မရှိဘဲ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်ထိ (၂) နှစ်ခန့် စည်းကမ်းမဲ့ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် စိုက်ပျိုးရေးပစ္စည်းဆိုင်အား ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးရန် စိုက်ပျိုးရေးဦးစီးဌာနသို့  ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ဆောင်ရွက်ခဲ့ပါသည်။ တိုင်ကြားခံရသည့် ပိုးသတ်ဆေးဆိုင်ပိုင်ရှင်အား လိုင်စင်မရှိဘဲ စိုက်ပျိုး ရေးပစ္စည်းများ သိုလှောင်ထားခြင်း၊ ရောင်းချခြင်း မပြုလုပ်ရန်၊ လိုင်စင်ရရှိမှသာ ပြန်လည်ရောင်းချရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းကို ခံရမည်ဖြစ်ကြောင်း ဝန်ခံကတိပြုချက်ရယူထားရှိခဲ့သည့်အတွက် တိုင်ကြားသူမှလည်းကျေနပ်မှုရရှိပြီး နှစ်ဦးနှစ်ဖက် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။