Main menu

မော်တော်ယာဉ်ပြုပြင်ရေးလုပ်ငန်း ဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် မော်တော်ယာဉ်  ပြုပြင်ရန်အတွက် မော်တော်ယာဉ် ပြုပြင်ရေးလုပ်ငန်း တာဝန်ခံ (Mechanic) ထံတွင် အပ်နှံခဲ့ရာ မော်တော်ယာဉ်မှာ Gear Box Error ဖြစ်ပေါ်နေ သည့်အတွက် ပြုပြင်ခငွေကျပ် ၂,၃၈၀,၀၀၀/- အား ပေးချေခဲ့ရသော်လည်း ကောင်းမွန်လာမှုမရှိသည့်အပြင် ပိုင်ရှင်၏ ခွင့်ပြုချက်ရယူမှုမရှိဘဲ မော်တော်ယာဉ်၏ အရေးကြီးအစိတ်အပိုင်းများအား လဲလှယ်ပြုပြင်မှုများ ပြုလုပ်ခဲ့သည့်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ Website Complaint System မှတဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။

     တိုင်ကြားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့သော်လည်း ပြေလည်မှု မရရှိသည့်အတွက် မော်တော်ယာဉ်ပြုပြင်ရေးလုပ်ငန်း၊ တာဝန်ခံမှ “တိုင်ကြားသူက မော် တော်ယာဉ်ပြုပြင်ရန် ပေးအပ်ခဲ့သည့်ငွေကျပ် ၂,၃၈၀,၀၀ဝ/- (ငွေကျပ်နှစ်ဆယ့်သုံးသိန်း ရှစ်သောင်းတိတိ)ကို အပြည့်အဝပြန်လည်ပေးလျော်သွားရန်နှင့်ပေးလျော်မှုအား ၁၅-၁-၂၀၂၄ ရက်နေ့မတိုင်မီ ပြီးစီးအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်အား ချမှတ်ခဲ့ပါသည်။ အမိန့်ချမှတ်ခဲ့မှုအပေါ် မော်တော်ယာဉ်ပြုပြင်ရေးလုပ်ငန်း တာဝန်ခံ (Mechanic)က လိုက်နာဆောင်ရွက်ပြီး ဖြစ်ကြောင်းကို ၂၉-၁-၂၀၂၄ ရက်နေ့တွင် ဌာနသို့ ဆက်သွယ်ပြောကြားလာသည့်အတွက် ဌာနမှတာဝန်ရှိသူက တိုင်ကြားသူထံ ဆက်သွယ် မေးမြန်းခဲ့ရာ ငွေကျပ် ၂၃၈၀၀၀ဝိ/- (ငွေကျပ်နှစ်ဆယ့်သုံးသိန်းရှစ်သောင်းတိတိ) ကို လက်ခံရရှိပြီးဖြစ်၍ တိုင်ကြားမှုအား ပိတ်သိမ်းလိုကြောင်း ပြန်လည်ပြောကြားခဲ့သောကြောင့် စားသုံးသူကာကွယ်ရေးဥပဒေအရ နစ်နာဆုံးရှုံးမှုနှင့်အညီ ငွေပြန်လည်ပေးစေခြင်းနည်းလမ်းဖြင့်  တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။