Main menu

ဧရာဝတီတိုင်းဒေသကြီးအတွင်း အင်တာနက်လိုင်းများ နှေးကွေးလေးလံခြင်းကြောင့် သုံးစွဲသူများနှင့် ISP (Internet Service Provider )များအကြား အငြင်းပွားလျက်ရှိ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် အများပြည်သူ များ သတင်းအချက်အလက်နှင့် ဖျော်ဖြေရေး အပါအဝင် အခြားကဏ္ဍများလွယ်လင့်တကူ ဈေးနှုန်း သက်သာစွာဖြင့် လေ့လာနိုင်ရန်အတွက် အိမ်တွင်းသုံး ( Wifi ) အင်တာနက်ကို Fiber လိုင်းများဖြင့် ချိတ်ဆက် ရောင်းချခြင်းကို ကုမ္ပဏီများမှ ဝန်ဆောင်မှုပေး၍ ရောင်းချလျက်ရှိရာ ယခုကာလအတွင်း အင်တာနက်လိုင်းများ နှေးကွေးခြင်းကြောင့် သုံးစွဲသူပြည်သူများ နှင့် ဝန်ဆောင်မှုပေးလျက်ရှိသော (ISP)ကုမ္ပဏီများအကြား အငြင်းပွားမှု ပြဿနာများ ဖြစ်ပွားလျက်ရှိကြောင်း သိရပါသည်။

    ပုသိမ်မြို့တွင်နေထိုင်လျက်ရှိပြီး ကုမ္ပဏီတစ်ခုမှ အင်တာနက်ဝန်ဆောင်မှုရယူထားသော ပြည်သူတစ်ဦး၏ ပြောကြားချက်အရ “ယခုလအတွင်းလိုင်းသုံးရတာလေးနေတယ် ဖြစ်တာကတော့ သင်္ကြန်ရက်ထဲကစဖြစ်နေတာ ခုထိကောင်းမလာသေးဘူး။ Tiktok တို့ You tubeတို့ ကြည့်တာတောင် အဆင်မပြေဘူး။ ကိုယ်တွေကလည်း ညနေနားတဲ့ အချိန်လေးရုပ်ရှင်လေးဘာလေး ကြည့်မလားလို့ လိုင်းထစ်နေတာနဲ့လိုင်းလေးတာနဲ့ ကောင်းကောင်း မကြည့်ရပါဘူးဗျာ...ကုမ္ပဏီ ပြောတော့လဲ လာကြည့်ပေးမယ် ပြောပြီး(၂)ရက်လောက်ကြာတယ်။ လစဉ်ကြေးသာပုံမှန်လာတောင်းနေကြတာ၊ လိုင်းကတော့ သုံးလို့ အဆင်မပြေပါဘူး”ဟု ပြောကြားခဲ့ပါသည်။ အင်တာနက် ဝန်ဆောင်မှုပေးလျက်ရှိသော ကုမ္ပဏီများမှ အဆိုပါဖြစ်စဉ်အတွက် သုံးစွဲသူများအားအစားထိုး ပြန်လည်ဖြည့်ဆည်းပေးခြင်းများဆောင်ရွက်ပေးလျက်ရှိပြီး သုံးစွဲသူအများဆုံးနှင့် အကြီးဆုံးဝန်ဆောင်မှု ပေးလျက်ရှိသည့် MPT အနေဖြင့် ယခုလကုန်ကောက်ခံမည့်လစဉ်ကြေးများထဲမှ ငွေကြေးအချို့အား လျော့ချကောက်ခံသွားမည်ဟု (SMS)ပို့၍ ကြေညာဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)