Main menu

သာယာဝတီမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများဈေးကွက်

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဈေးရပ်ကွက်ဈေးလမ်းတွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ၏ ဈေးဆိုင်များတွင်ယနေ့ (၁၇-၄-၂၀၂၄)နေ့ ရောင်းချလျက်ရှိသော ကုန်စည်၊ သားငါး၊ ဟင်းရွက်ဟင်းသီးဈေးနှုန်းများမှာ ဆန်တစ်ပြည်လျှင်(၃၀၀၀) ကျပ်နှုန်းဖြင့်ဆန် (၃အိတ်) ၊ ဆီတစ်ပိဿာလျှင် (၅၇၀၀)ကျပ်နှုန်းဖြင့် ဆီ (ပိဿာ ၁၂၀)၊ ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်နှုန်းဖြင့် ကြက်ဥ (၃၀၀)လုံး၊ ဝက်သားတစ်ပိဿာလျှင်  (၁၅၀၀၀) ကျပ်နှုန်းဖြင့် (၂၅) ပိဿာ ၊ ကြက်သားမွေးမြူရေးတစ်ပိဿာလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် (၃၀) ပိဿာ၊ ဆိတ်သားတစ်ပိဿာလျှင်  (၁၈၀၀၀)ကျပ်နှုန်းဖြင့် (၅) ပိဿာ၊ အမဲသား တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်ဈေးနှုန်းဖြင့် အမဲသား(၁၀)ပိဿာ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် (၂၅) ပိဿာ၊ ရွှေဖရုံညွန့်၊ သခွားသီး၊ ပဲသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ ပြောင်းဖူး၊ ‌  ရုံးပတီသီး၊ ဗူးညွန့်၊ ရွှေဖရုံသီး၊ သံပုရာသီး၊ ချဉ်ပေါင်ရွက်၊ ငှက်ပျောသီး၊ ကျွဲကောသီး၊ ကန်စွန်းရွက်စသော အသီးအနှံများကို ပြည်သူများအားချိုသာသောဈေးနှုန်းဖြင့် လိုအပ်သလောက်နေ့စဉ်ဝယ်ယူရရှိနိုင်ပြီး၊ သာယာဝတီမြို့နယ်၏ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ ရောင်းချပေးသောအရောင်းဈေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)