Main menu

မန္တလေးတိုင်းဒေသကြီးမှ စားသုံးသူများ၏ နစ်နာမှုများနှင့်ပတ်သက်၍ တိုင်ကြားလာမှုများအပေါ် ဖြေရှင်းပေးနိုင်ခဲ့မှု

Powered by Drupal

        မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူတိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းတိုင်ကြားမှုပေါင်း (၃၈)မှု၊ ၂၀၁၈-၂၀၁၉ ကြားကာလ(၆)လအတွင်း တိုင်ကြားမှုပေါင်း (၅၁)မှု၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တိုင်ကြားမှုပေါင်း (၁၆၄)မှု၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်ကြားမှုပေါင်း (၂၃၇)မှု၊ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တိုင်ကြားမှုပေါင်း (၇၆)မှု၊ ၂၀၂၀-၂၀၂၁ ကြားကာလ(၆)လအတွင်း တိုင်ကြားမှုပေါင်း (၂၃)မှု၊ တိုင်ကြားမှုစုစုပေါင်း (၅၈၉)မှုရှိခဲ့ပြီး ယနေ့အချိန်ထိ ဖြေရှင်းဆောင်ရွက်ပြီး (၅၇၂)မှု၊ ဖြေရှင်းဆောင်ရွက်ဆဲ (၁၇)မှုရှိပါသည်။

      မန္တလေးတိုင်းအနေဖြင့် တိုင်ကြားမှုများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အမြန်ဆုံးဖြေရှင်း ပေးနိုင်ခဲ့ သဖြင့် စားသုံးသူများ၏ ယုံကြည်အားကိုးမှုများရှိလာပြီး တိုင်ကြားမှုပိုမိုများပြားလျက်ရှိရာ တိုင်ကြားမှုများကိုလည်း အချိန်နှင့်တပြေးညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။      ယခုနှစ်တိုင်ကြားမှုများတွင် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်ပတ်သက်သည့် တိုင်ကြားမှုများနှင့် ငွေကြေးဝန်ဆောင်မှုဆိုင်ရာတိုင်ကြားမှုများမှာ များပြားလျက်ရှိပါသည်။

DOCA(မန္တလေး)