Main menu

ဒေးဒရဲမြို့ တော်ကမယ်ကျေးရွာရှိ မိဘမေတ္တာဆန်စက်သို့ MSMEs ဖွံ့ဖြိုးရေးကွင်းဆင်းခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ မေလ(၂၃)ရက်နေ့၊နံနက်(၀၉:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့၊  တော်ကမယ်ကျေးရွာရှိ မိဘမေတ္တာဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    ထိုသို့ ကွင်းဆင်းခဲ့ရာတွင် မိဘမေတ္တာဆန်စက်မှ ကြိတ်ခွဲထုတ်လုပ်သောဆန်များ မြိတ်မြို့သို့ တင်ပို့မှု ရှိ/မရှိ မေးမြန်းခြင်း၊ ထုတ်ကုန်ပစ္စည်းများအရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်များ  မှန်ကန်ရေး၊ ဆန်စပါးဈေးကွက် ဈေးနှုန်းအခြေအနေများတည်ငြိမ်မှု ရှိ/မရှိ၊ ထုတ်ပိုးမှုစနစ်များလုံခြုံမှု ရှိ/မရှိ စိစစ်ခြင်းနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းစနစ်များ၊ခေတ်မီ  စက်ကိရိယာများတပ်ဆင်နိုင်ရေး၊ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မှသာ ဈေးကွက်စီးပွားရေးစနစ်  ကျယ်ပြန့်လာနိုင်သလို၊ မှီခိုအားထားနေရသော အလုပ်သမားမိသားစုများအတွက်လည်း စားဝတ်နေရေး ပြေလည်နိုင်ကြောင်း၊ ကြိတ်ခွဲရာမှထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများလည်း စနစ်တကျ စွန့်ပစ်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)