Main menu

တိုင်ကြားလာမှုများနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းမှု

Powered by Drupal

          (၁၆-၂-၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ရုံးခန်းတွင် ဌာနရှိတာဝန်ရှိသူများမှ ညှော်နံ့များကြောင့် ပတ်ဝန်းကျင်အနှောင့်အယှက် ဖြစ်နေပါ၍ စားသုံးသူ များ၏တိုင်ကြားလိုမှုများနှင့် ပတ်သက်၍  တွေ့ဆုံပြီးရှင်းလင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ စားသုံးသူများအနေဖြင့် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ဘီစကစ်စက်ရုံမှ နေ့/ည မပြတ် ညှော်နံ့များ၊ အပူနံ့များ၊ သီချင်းသံများကြောင့် ပတ်ဝန်းကျင်ရှိ လူနေအိမ်များ အနှောင့်အယှက်ဖြစ်နေ၍ တိုင်ကြားလိုကြောင်း ဆွေးနွေးခဲ့ပါသည်။  ဌာနအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေနှင့် အညီ ဆောင်ရွက်ရပါကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ကိုယ်တိုင်သုံးစွဲခြင်း၊ အခြားသူအတွက်ဝယ်ယူခြင်း၊ ကုန်စည်ကိုချေးငှားခြင်း၊ ပေးကမ်းထောက်ပံ့ခြင်းခံရသူများမှ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူအခွင့်အရေး ရရှိရန်တိုင်ကြားနိုင်ပါကြောင်း၊ (Food Safety) အစားအသောက်များဘေးန္တရာယ် ကင်းရှင်းရေး နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် သတင်းပေးတိုင်ကြားလာပါက စစ်ဆေးပေး လျက်ရှိပါကြောင်း၊ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ  ဌာနများသို့တိုင်ကြားရန်နှင့် မိမိတို့ဌာနအနေဖြင့် လိုအပ်ပါကပူးပေါင်း ပါဝင်ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေအရ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များအား    အကျယ်တဝင့် ရှင်းလင်းခြင်း၊ တိုင်ကြားသူမှသိရှိလို၍ မေးမြန်းမှုများ ကို ဌာန၏တာဝန်ရှိသူများမှ ဖြေကြားခဲ့ပါသည်။

DOCA(မန္တလေး)