Main menu

ကန့်ဘလူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများရောင်းချပေး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအမံဖြင့် စားအုန်းဆီများကို ခရိုင်ဆီလုပ်ငန်းရှင်များအသင်းက ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ၂၀၂၄ခုနှစ်၊ မေလ ၂၅ရက်နေ့၊ နံနက် (၀၇:၄၅) နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်ရှိ ကန့်ဘလူခရိုင်စုပေါင်းရုံးဝန်းအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများအား တစ်ဦးလျှင် (၁)ပိဿာနှုန်း၊ စားအုန်းဆီ (၁)ပိဿာလျှင် ၅၉၅၀ကျပ်ဖြင့်ရောင်းချပေးခဲ့ပြီး ဝန်ထမ်း (၈၈၇)ဦးအတွက် စားအုန်းဆီ ၈၈၇ပိဿာရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းထံမှသိရသည်။

      အဆိုပါစားအုန်းဆီရောင်းချပေးရာတွင် စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)