စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ မေလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့၊ မြို့သစ်(၁၃) လမ်းနေ၊ ဦးရဲနောင်မြင့်၏ စန်းကမ္ဘာ ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့ တွင်ဆည်ကြီးကုန်းအုပ်စု၊ ညောင်ဝိုင်းရွာ ဦးပိုင်စိုးကျော်၏ AK သောက်ရေသန့်လုပ်ငန်းနှင့် သရက်တောရပ်ကွက် ယုဇနလမ်းရှိ ဦမျိုးမင်းနိုင်၏ ကံ့ကော်အောင် ရှောက်အစာကြေဆေးလုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့တွင် ဥသျှစ်ပင်လမ်းမတော်ရှိ ဒေါ်စိုးရီဦး၏ ပင်ရွှေဦး ဆန်ရောင်းဝယ်ရေးလုပ်ငန်း၊ ဒေါ်ကြည်ကြည်လှိုင်၏ ထက်အောင်ဆန်ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဝင်းထက်၏ ဘရဏီ စက်သုံးဆီဆိုင်သို့လည်းကောင်း၊ ဥသျှစ်ပင်ဈေးရှေ့ရှိ ဦးအောင်နိုင်ဖြူ၏ ဆန်ရောင်းဝယ်ရေးလုပ်ငန်းနှင့် ဦးနေလင်းထွန်း၏ ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် အမှတ်(၁)ရပ်ကွက် ဦးအေးကျော်၏ အောင်စုရည် မျှစ်လုပ်ငန်းသို့လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ဦးခင်ဇော်၏ ပွိုင့် ဘိလပ်မြေရောင်းဝယ်ရေး လုပ်ငန်းသို့လည်းကောင်းသက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ် ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေး ထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)