Main menu

ရာသီချိန်သစ်သီးများ အလွန်အရောင်းသွက်

Powered by Drupal

 

     မန္တလေးမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းအချက်ချာကျသည့်မြို့တော်ဖြစ်သည့်အလျောက်  ပြည်နယ််နှင့်တိုင်းအသီးသီးတို့မှထွက်ရှိသည့် ရာသီချိန်သစ်သီးများ အမျိုးမျိုး ဝင်ရောက်လျက်ရှိပါသည်။ယခုအချိန်တွင် ရာသီပေါ်သစ်သီးများအနေဖြင့် သရက်သီး၊ ပိန္ဒဲသီး၊ ဒူးရင်းသီး၊ မင်းဂွတ်သီး၊ လေချူသီး(ခ)လိုင်ချီးသီး၊ ထန်းသီးစသည့် ရာသီပေါ်အသိးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း သစ်သီးအရောင်းဆိုင်များ၊သစ်သီးပွဲရုံများမှစုံစမ်းသိရှိရပါသည်။သရက်သီးအမျိုးအစားမျာဖြစ်သည့် စိန်တစ်လုံး၊ ရွှေဟင်္သာ၊ မချစ်စု၊ စိမ်းစားသီးများ၊ ပတ္တမြားငမောက် စသည့်အသီးများမှာ ကျောက်ဆည်နှင့် မတ္တရာမြို့နယ်များမှ အဓိကတင်သွင်းကြောင်းသိရှိရပြီး မြစ်ငယ်၊ စဉ့်ကိုင်စသည့် မြို့များမှလည်း တင်သွင်းကြောင်းသိရှိရပါသည်။ ဈေးနှုန်းများအနေဖြင့် စိန်တစ်လုံးသရက်သီးများမှာ  ပေါ်ဦးပေါ်စအချိန်တွင် အိတ်စ၊ အိတ်စွပ်(၁)လုံးလျှင် ၁၅၀၀ကျပ်၊ လက်ရှိပေါက်ဈေးအနေဖြင့် တစ်လုံးလျှင်-အကြီးအသေးအရွယ်အစားအလိုက် ၇၀၀-၁၂၀၀ကျပ်ခန့် ထိပေါက်ဈေးရှိကြောင်းသိရှိရပါသည်။ ပိန္ဒဲသီးများကိုမူ ပြင်ဦးလွင်မှမှာယူတင်သွင်းကြောင်းသိရှိရပြီး  ပြင်ဦးလွင်ဒေသထွက်ပိန္ဒဲသီး(ယိုးဒယားသီး) တစ်လုံးလျှင်-၁၈၀၀၀-၂၀၀၀၀ကျပ်ထိ ဈေးရှိပြီး၊ ပိန္ဒဲသီး (မြန်မာသီး)မှာ-၇၀၀၀-၈၀၀၀ကျပ်ခန့်ထိဈေးရှိကြောင်း၊ အရွယ်အစားအလိုက် ဈေးကွာခြားကြောင်း သိရှိရပါသည်။ ဒူးရင်းသီးများကို သံတောင််၊မော်လမြိုင်၊သထုံ၊ တောင်ငူစသည့်နယ်များမှတင်သွင်းပြီး  ဒူးရင်းသီး(မြန်မာ) တစ်လုံးလျှင်-၁၅၀၀၀-၂၀၀၀၀ကျပ်အထိ ဈေးရှိပြီး ဒူးရင်းသီး(ယိုးဒယားသီး)တစ်ကီလိုလျှင်-၂၅၀၀၀-၃၀၀၀၀ကျပ်ထိဈေးရှိကြောင်း၊ မင်းဂွတ်သီးများလည်း မော်လမြိုင်မဝင်ရောက်လျက်ရှိပြီး တစ်လုံးလျှင်၃၀၀-၅၀၀ထိဈေးရှိကြောင်းသိရှိရပါသည်။ လေချူသီး(ခေါ်)လိုင်ချီးသီးများကို ဗန်းမော်၊ ကသာဘက်မှ အဓိကတင်သွင်းကြောင်းသိရှိရပြီး တစ်ပိဿာလျှင်-၆၀၀၀ ကျပ်ခန့် ဈေးနှုန်းရှိကြောင်းသိရှိရပါသည်။ ထန်းသီးဆံများမှာတံတားဦးဘက်မှ မှာယူရောင်းချကြောင်းသိရှိရပြီး တစ်ဆံလျှင်(၂၀၀)ကျပ်ခန့်ဈေးရှိကြောင်း မန္တလေးမြို့တွင်းရှိသစ်သီးရောင်းချသူများထံမှ စုံစမ်းသိရှိရပါသည်။

DOCA(မန္တလေး)