Main menu

တောင်ငူမြို့တွင် ခရမ်းချဉ်သီးများဈေးတက်

Powered by Drupal

      တောင်ငူမြို့၊ ညောင်ပင်ဈေးနှင့် ရွှေဆံတော်ဘုရားဈေးတို့တွင် ခရမ်းချဉ်သီးများ ဈေးနှုန်းမြှင့်တက်လျက်ရှိပါသည်။ ခရမ်းချဉ်သီးမှာ ဟင်းအိုးတော်တော်များများတွင်ထည့်သွင်းအသုံးပြုရသော ပါဝင်ပစ္စည်းတစ်မျိုးဖြစ်သောကြောင့် အိမ်ရှင်မများအနေဖြင့်မဖြစ်မနေဝယ်ယူအသုံးပြုနေရပါသည်။

      ခရမ်းချဉ်သီးသည် မြန်မာတို့အတွက်မရှိမဖြစ်သော ဟင်းသီးတစ်မျိုးဖြစ်သည်။ ခရမ်းချဉ်သီးကိုဆီပြန်ဟင်းများချက်ရာတွင် အများဆုံးအသုံးပြုကြသလို၊ အသုတ်စုံရောင်းသောဆိုင်များတွင် ခရမ်းချဉ်သီးကိုသုတ်၍ ခရမ်းချဉ်သီးသုတ်အဖြစ်လည်းရောင်းချကြပါသည်။ ထို့ပြင် လက်ဖက်သုတ်တွင်လည်း ခရမ်းချဉ်သီးအားပါးပါးလှီးလှီး၍ ထည့်သုတ်စားကြပါသည်။

     ခရမ်းချဉ်သီးဈေးနှုန်းများအနေဖြင့် ၂၀၂၄ခုနှစ်၊ မေလပထမအပတ်တွင် ခရမ်းချဉ်သီးအလုံးသေးတစ်ပိဿာလျှင် (၂၀၀၀)ခန့်ရှိရာမှ မေလ နောက်ဆုံးအပတ်တွင် တစ်ပိဿာ (၄၀၀၀)ခန့်နှင့် ခရမ်းချဉ်သီးအလုံးကြီးအလုံးလှ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ခန့်ရှိရာမှ ယခုမေလနောက်ဆုံးအပတ်တွင် တစ်ပိဿာ (၅၀၀၀) ကျပ်ခန့်အထိ ဈေးနှုန်းမြင့်တက်သွားပါသည်။

     ယခုအချိန်အခါတွင် မိုးဦးကျပြီဖြစ်သဖြင့် ဒေသတွင်းခရမ်းချဉ်သီးများတုံးသွားပြီဖြစ်၍ ရှမ်းပြည်မှဝင်ရောက်သောခရမ်းချဉ်သီးများသာ ဈေးကွက်တွင်းရှိသောကြောင့် ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်ကြောင်း တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)