Main menu

ကန့်ဘလူမြို့မစည်ပင်သာယာဈေး၌ ဖြစ်ပေါ်နေသော ခဝဲသီးဈေးနှုန်းနှင့် ကျန်းမာရေးအကျိုးအာနိသင်များ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် ရာသီပေါ်သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းအပြင် မိသားစုတစ်နိုင်တစ်ပိုင်အနေဖြင့် ခဝဲသီးကိုစိုက်ပျိုးရောင်းချကြပါသည်။ ခဝဲသီးကိုမိမိတို့ကုန်ကွက်များနှင့် အိမ်ခြံဝင်းများအတွင်းတွင် စင်ထိုးစိုက်ပျိုးခြင်းနှင့် မြေလျှောက်စိုက်ပျိုးခြင်းနှစ်မျိုးကို မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးကြပါသည်။ ခဝဲသီးများကို ကန့်ဘလူမြို့နယ်အတွင်းကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှလာရောက်ရောင်းချကြောင်းသိရှိရပါသည်။

    ခဝဲသီး၏ ကျန်းမာရေးအကျိုးအာနိသင်များဖြစ်သည့် ကင်ဆာဖြစ်နှုန်းကိုလျော့ချပေးခြင်း၊ နှလုံးကိုကျန်းမာစေခြင်း၊ အရိုးသိပ်သည်းဆကိုကောင်မွန်စေခြင်း၊ သွေးသန့်စင်ပေးနိုင်ခြင်း၊ ဝမ်းမှန်စေခြင်း၊ အရေပြားကျန်းမာစေခြင်း၊ ခုခံအားကောင်းစေခြင်း၊ အသားဝါရောဂါဖြစ်နိုင်ချေကိုလျော့နည်းစေခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်ချေလျော့နည်းစေခြင်း၊ ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ အစာအိမ်နှင့် ပတ်သက်သည့်ရောဂါများသက်သာစေခြင်း၊ သွေးအားနည်းခြင်းကိုကာကွယ်ပေးခြင်းနှင့် ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာလည်း အထောက်အကူဖြစ်စေခြင်း စသည့်အကျိုးအာနိသင်များရှိသည့်အတွက် ခဝဲသီးကိုများများစားသုံးသင့်ကြောင်း သိရှိရပါသည်။

 ယခု၂၀၂၄ခုနှစ်၊ မေလနောက်ဆုံပတ်အတွင်းဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ခဝဲသီးဈေးနှုန်းမှာ ၂၅ကျပ်သားလျှင်(၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ဈေးနှုန်း စသည်ဖြင့်ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေးတွင် ကုန်စိမ်းသီနှံရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)