စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/ တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။
ဇန်နဝါရီလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ)များစတင်ဝင်ရောက်ခဲ့ပြီး မေလ၊ လကုန်အပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင်(၁၄၀၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/(၂၉)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၁၃၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၅၀၀ဝိ/-)ကျပ်ဈေးပိုမိုခဲ့သည့်အပြင် ဝင်ရောက်သမျှအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိတာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်မှုအရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)