Main menu

မေလ၊ နောက်ဆုံးအပတ်တွင် ရွှေဘိုပဲတီစိမ်းဈေးနှုန်းမြင့်တက်

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/ တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

   ပဲတီစိမ်းမှာ မေလ၊ ပထမအပတ်မှစတင်၍ ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မေလ၊ လကုန်အပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် (၆၃၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၆၃၀၀)တင်း/ (၂၀၆)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီစိမ်းတစ်တင်းလျှင်(၆၁၇၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲတီစိမ်းတစ်တင်းလျှင်(၁၃၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်တွင် ယခင်အပတ်ထက် ပဲတီစိမ်းဈေးနှုန်းများမြင့်တက်လာသည့်အပြင် ဝင်ရောက်မှုမှာလည်းများလာကြောင်း  ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိတာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)