Main menu

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသောကွမ်းဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ သီးနှံစိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရလွယ်ကူသည့်ကွမ်းများကိုလည်း စိုက်ပျိုးကြသည်။ ကွမ်းကို မိမိတို့ယာကွက်များတွင်လည်းကောင်း၊ နေအိမ်ခြံဝင်းများတွင်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို မြို့ပေါ်ရပ်ကွက်များမှလည်းကောင်း၊ ခရိုင်အတွင်းရှိကျေးရွာများမှလည်းကောင်း လာရောက်ရောင်းချကြောင်း သိရှိရပါသည်။

   ၂၀၂၄ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်းဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ကွမ်းဈေးနှုန်းမှာ ကွမ်းရှယ်တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ပယ်ရှယ်တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်၊ ခြံပယ်တစ်ပိဿာလျှင် ၈၀၀၀ကျပ်စသည်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ကွမ်းဝင်ရောက်မှုပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ကွမ်းရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)