Main menu

အထက်မင်းလှမြို့နယ်၊ ဥယျာဉ်ကျေးရွာတွင် မိုးနှမ်းများစိုက်ပျိုးလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ဥယျာဉ်ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး ၂၀၂၄ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် မိုးနှမ်းများကို စတင်စိုက်ပျိုးကာ မိုးနှမ်းစိုက်တောင်သူ(၅၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ(၂၅၀)ဧက ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

     စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့်စိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၃)ပြည်ခန့် ကုန်ကျကြောင်း၊ မျိုးကို ယခင်နှစ်က နှမ်းစိုက်ခင်းမှထွက်ရှိသည့် နှမ်းစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် နှမ်းနီ(၈)ဧကနီးပါး စိုက်ပျိုးထားပါကြောင်း၊ ရာသီဥတုပေါ်မူတည်၍ ရက်ပေါင်း(၇၅)ရက်မှ(၉၀)ရက်အတွင်း ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခုနှစ်တွင် ယခင်နှစ်နည်းတူ မြေပြုပြင်ခ၊ လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် (၁၀၀၀၀၀)နီးပါး ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် (၁၂)တင်း ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ကျပ်(၁၂၀၀၀၀)ထိ ဈေးရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိသည့် နှမ်းများကို အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ဥယျာဉ်ကျေးရွာနေ နှမ်းစိုက်တောင်သူ ဦးဇော်အောင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)