![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/28.15_2.jpg?itok=-FdhZ1xb)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်ဥ၊ ဘဲဥ၊ ငုံးဥနှင့်ဆေးဘဲဥများကို မကွေးမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၄ခုနှစ်၊ ဇွန်(ပထမပတ်)တွင် ကြက်ဥအလုံးကြီး(၁၀)လုံးလျှင် ကျပ်(၃၂၀၀)၊ အလုံးအလတ် (၁၀)လုံးလျှင် ကျပ်(၃၀၀၀)၊ ငုံးဥ(၂၅)လုံးလျှင် ကျပ်(၂၀၀၀)၊ ဆေးဘဲဥ(၁၀)လုံးလျှင် ကျပ်(၄၅၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်မေလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်လျှင် ကြက်ဥ ကျပ်(၂၀၀ မှ ၃၀၀)၊ ဆေးဘဲဥ ကျပ်(၅၀၀)ဈေးမြင့်တက်ခဲ့ပြီး ငုံးဥမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။ ဥစားကြက်မွေးမြူးရေးခြံများတွင် ကြက်စာဈေးမြင့်လာခြင်းနှင့် သယ်ယူစရိတ် ဈေးမြင့်မားလာခြင်းတို့ကြောင့် ကြက်ဥဈေးမှာ မြင့်တက်လာရခြင်းဖြစ်ပြီး ဘဲဥကို မန္တလေးမြို့မှ မှာ ယူ၍မရသည့်အတွက် ဇွန်လ(ပထမပတ်)အတွင်း ပစ္စည်းပြတ်လပ်မှုဖြစ်နေ၍ ဈေးအတွင်း ရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)