![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ကြက်သွန်နီ 1_12.jpg?itok=82TNJA1W)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ကြက်သွန်နီဈေးနှုန်းမှာ အနည်းကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ကြက်သွန်နီ(အလုံးကြီး)(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ အလတ်(၁)ပိဿာလျှင် ကျပ်(၂၃၀၀)၊ အသေး(၁)ပိဿာလျှင် ကျပ်(၂၁၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်မေလ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်လျှင် ကျပ်(၂၀၀ - ၃၀၀)ဈေးနှုန်းကျဆင်းလျက် ရှိကြောင်း သိရပါသည်။ ကြက်သွန်နီကို မကွေးမြို့၊ မင်းဘူးမြို့၊ သရက်မြို့နှင့် တောင်တွင်းကြီးမြို့ တို့မှ မှာယူရောင်းချသော်လည်း ယခုအချိန်တွင် မင်းလှမြို့နယ်၊ ညောင်ပင်သာကျေးရွာ၌ ကြက်သွန်နီသစ်များ ထွက်ရှိလာသည့်အတွက် မင်းလှမြို့၊ ဇေယျာသီရိဈေးအတွင်း ကြက်သွန်နီဈေးမှာ အနည်းငယ်ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)