![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/311_0.jpg?itok=uPdTF6QI)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်းသိရသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၃၅၀)ကျပ်၊ ဥလတ်တစ်လုံးလျှင် (၃၃၀)ကျပ်၊ ဥသေးတစ်လုံးလျှင် (၃၁၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင် (၄၀၀) ကျပ်၊ ဥသေးတစ်လုံးလျှင် (၃၅၀)ကျပ်၊ ငုံးဥ(၁၂)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ယခင်လကာလတူဖြစ်ပေါ်ခဲ့သောဈေးနှုန်းထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ကြက်ဥ၊ ဘဲဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး အိမ်ရှင်မများက မိသားစုထမင်းဝိုင်းအတွက် ဟင်းလျာအဖြစ်ချက်ပြုတ်ရာတွင်လည်း အသုံးပြုကြကြောင်း ကန့်ဘလူမြို့မဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)