Main menu

ကန့်ဘလူမြို့၏ စံပယ်ပန်းဈေးနှုန်းဈေးကွက်

Powered by Drupal

     စံပယ်ပန်းသည် မွှေးကြိုင်သောသင်းရနံ့နှင့် အဖြူအဆင်းရှိပြီး အမျိုးသမီးတိုင်း ကြိုက်နှစ်သက်သောပန်းဖြစ်ပါသည်။ စံပယ်ပန်းသည် မြန်မာတို့၏ ဆယ့်နှစ်လရာသီများအနက် နယုန်လ၌ ပွင့်သောပန်းဖြစ်ပါသည်။ စံပယ်ပန်းပင်သည် ချုံပင်တစ်မျိုးဖြစ်ပြီး ရုက္ခဗေဒအမည်မှာ “ဂျက်စမင်နမ်ဆမ်ဗက်” ဖြစ်ပါသည်။ အိမ်စံပယ်၊ တောစံပယ်၊ စံပယ်အိနှင့် စံပယ်နွဲ့ဟူ၍ စံပယ်အမျိုးမျိုးရှိပါသည်။

        စံပယ်ပန်းပင်သည် ပူအိုက်သောရာသီဥတုကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် စံပယ်ပန်းပင်ကို မြန်မာပြည်အပူပိုင်းဒေသများ၌ အများဆုံးစိုက်ပျိုးလေ့ရှိပါသည်။ စံပယ်ပန်းပင်များကို အခြားပန်းပင်များကဲ့သို့ ခြံဖွဲ့၍စိုက်ပျိုးခြင်းမရှိသော်လည်း မိမိတို့နေအိမ်များတွင် စိုက်ပျိုးကြပါသည်။ စံပယ်ပန်းပွင့်များကို ကြိုးဖြင့်သီကုံးပြီး ဦးခေါင်းတွင် ပန်ဆင်ကြပြီး အခက်လိုက် ပန်ဆင်သူများလည်းရှိသည်။ ယခုအခါ စံပယ်ပန်းများကိုသီကုံးပြီး ကန့်ဘလူမြို့၊ မြို့မစည်ဈေးသို့ လာရောက်ရောင်းချရာ ပန်းရောင်းချသည့်လုပ်ငန်းရှင်၏ပြောပြချက်အရ ဇွန်လ ပထမပတ်အတွင်း တစ်ရက်လျှင် စံပယ်ပန်းကုံး(၃၅မှ ၆၀)ခန့်အထိရရှိပြီး (၁)ကုံးလျှင် (၁၀၀)ကျပ်၊ (၆)ကုံးလျှင် (၅၀၀) ကျပ်၊ (၁၂)ကုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ စံပယ်ပန်းကုံးများကို ဘုရားပန်းအဖြစ် ကပ်လှူရန်အတွက်သော်လည်းကောင်း၊ ပန်းပန်ရန်အတွက်နှင့် ကားများ၊ ဈေးဆိုင်များတွင် ချိတ်ဆွဲရန်အတွက်သော်လည်းကောင်း ဝယ်ယူကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)