Main menu

ရွှေဘိုမြို့တွင် မေလ နောက်ဆုံးပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ် မေလ စတုတ္ထပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၇၃၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၈၄၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၄၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၄၉၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

   ယခု ၂၀၂၄ခုနှစ် မေလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၆၆၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၈၂၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၂၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၄၇၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၇၅)ကျပ် ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၀)ကျပ်၊  ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)