Main menu

ပြည်ခရိုင်၏ ဘိလပ်မြေဈေးကွက်

Powered by Drupal

     ပြည်ခရိုင်တွင် ဘိလပ်မြေဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ မေလကုန်တွင် ပြည်မြို့နယ်၌ ကြံ့နှစ်ကောင်တစ်အိတ်လျှင် ၁၂၀၀၀ကျပ်၊ Alphr တစ်အိတ်လျှင် ၁၀၅၀၀ကျပ်၊ အပါချီတစ်အိတ်လျှင် ၁၀၅၀၀ကျပ်၊ ရွှေတောင်မြို့နယ်တွင် ကြံ့နှစ်ကောင်တစ်အိတ်လျှင် ၁၃၀၀၀ကျပ်၊ Alphr တစ်အိတ်လျှင် ၁၁၀၀၀ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင် ကြံ့နှစ်ကောင်တစ်အိတ်လျှင် ၁၂၅၀၀ကျပ်၊ Alphr တစ်အိတ်လျှင် ၁၁၅၀၀ကျပ်၊ ပန်းတောင်မြို့နယ်တွင် ကြံ့နှစ်ကောင်တစ်မျိုးသာအရောင်းအဝယ်ရှိသည့်အတွက် တစ်အိတ်လျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ Alphr နှင့် အပါချီတံဆိပ် ဘိလပ်မြေများမှာ ဆောက်လုပ်ရေးလုပ်ငန်းများတွင် သုံးစွဲမှုနည်းသောကြောင့် အရောင်းအဝယ်ပါးကြောင်းသိရပါသည်။ ယခင်ပွင့်လင်းရာသီဖြစ်သော မတ်လမှာ ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်သည့်အချိန်ဖြစ်၍ ဘိလပ်မြေဈေးနှုန်းများ အနည်းငယ်မြင့်တက်လာခဲ့သော်လည်း ယခုမေလ လကုန်ပတ်တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်းတွေ့ရှိရပါသည်။

DOCA(ပဲခူး)