Main menu

ပြည်ဈေးကွက်အတွင်း သရက်သီးမှည့်များအရောင်းအဝယ်သွက်နေ

Powered by Drupal

       ပြည်မြို့၏ သစ်သီးဝလံဈေးကွက်အတွင်း ရာသီစာအသီးမျိုးစုံရောင်းဝယ်လျက်ရှိရာ သရက်သီးမှည့်များအမျိုးအစားမျိုးစုံ ရောင်းချလျက်ရှိသည်ကိုတွေ့ရပါသည်။ ဒေသတွင်းမှထွက်ရှိပြီး စိန်တလုံးသရက်သီးအနေဖြင့် မန္တလေးဘက်မှလည်း ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ယခုကာလတွင် လက်ဆောင်ပေးရန် ဝယ်ယူသူများရှိကြသည့်အပြင် မိမိတို့စားသုံးရန်အတွက် ဝယ်ယူကြသည့်အတွက် သရက်သီးမှည့်များ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေသည်ကိုသိရှိရပါသည်။ မေလဆန်းပိုင်းတွင် မြကျောက်သရက်သီးနှင့် စိန်တလုံးသရက်သီးများမှာ တစ်လုံးလျှင် (၇၀၀-၈၀၀) ကျပ်အထိ အလုံးအရွယ်အစားပေါ်လိုက်၍ ဈေးပေးဝယ်ယူခဲ့ကြရပါသည်။ ယခုမေလကုန်တွင်မူ သရက်သီးမှည့်များအထွက်လှိုင်လာပြီဖြစ်သည့်အတွက် မြကျောက်‌နှင့်စိန်တလုံးသရက်သီးများမှာ တစ်လုံးလျှင် (၄၀၀-၅၀၀) ကျပ်ခန့်သာရှိခဲ့ပြီး ကျန်သရက်သီးအမျိုးအစားများမှာမူ တစ်လုံးလျှင် ၂၀၀ကျပ်မှစ၍ အမျိုးအစားနှင့် အရွယ်အစားအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်းတွေ့ရှိရပါသည်။

DOCA(ပဲခူး)