Main menu

ပြည်မြို့နယ်မှ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ယခုမေလ နောက်ဆုံးပတ်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများအနက် စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာလျှင် ယခင်အပတ်တွင် (၂၈၀၀)ကျပ်၊ ယခုမေလ နောက်ဆုံးပတ်တွင် (၃၀၀၀)ကျပ်၊ ယခင်အပတ်တွင် ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ယခုမေလကုန်တွင် (၁၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ ( ကြူကုတ်) မှာ မေလဆန်းမှစ၍  တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်ဖြင့် ဈေးနှုန်းမပြောင်းလဲပါ။ ငရုတ်ခြောက်အရှည် (မိုးမျှော်) တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ မန်ကျည်းမှည့်အသစ်တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် ယခင်အပတ်တွင် (၂၈၀၀)ကျပ်မှ  ယခုမေလ နောက်ဆုံးပတ်တွင် (၃၂၀၀)ကျပ်ရှိပါသည်။ သားငါးဈေးမှာ ငါးကြင်းတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ CP ကြက်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်ဖြင့် အ‌ရောင်းအဝယ်ရှိပါသည်။ ကြက်ဥဈေးမှာ ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ရာ ယခင်အပတ်တွင် (၃၀၀)ကျပ်မှ ယခုမေလကုန်တွင် (၃၂၀)ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်တက်လာခဲ့ပြီး ဘဲဥတစ်လုံးလျှင် (၄၀၀)ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အ‌ရောင်းအဝယ်ဖြစ်နေကြောင်းသိရပါ သည်။

DOCA(ပဲခူး)