![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၃၄၀_0.jpg?itok=3mgA49Ef)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မှထွက်ရှိသော စပါးများကို နီးစပ် ရာမြို့နယ်များဖြစ်သော နတ်တလင်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှ၊ လက်ပံတန်း၊ သာယာဝတီမြို့နယ်များသို့ ရာသီပေါ်ချိန်တွင် စပါးအများဆုံးတင်ပို့ရောင်းချပြီး ကျန်ရှိသောစပါးများကို မြို့နယ်တွင်းဆန်စက်ပိုင်ရှင်များက ပြန်လည်ဝယ်ယူ၍ ကြိတ်ခွဲကာ ထွက်ရှိသောဆန်နှင့် ဆန်ထွက်ပစ္စည်းများအား ဘုရင့်နောင်ဈေးကွက်သို့လည်းကောင်း၊ ရွှေပြည်သာအစာစက်ရုံများသို့လည်းကောင်း တင်ပို့ရောင်းချလျက်ရှိပါသည်။
လက်ရှိမိုးညိုဈေးကွက်တွင် ရောင်းချလျက်ရှိသော ရွှေဘိုပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ဧည့်မထနှင့် ပခန်းဆန်များကို ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှ ဝယ်ယူရောင်းချနေရပြီး အခြားဆန် များဖြစ်သော ဧည့်မထဆန်၊ မနောသုခဆန်များကို နီးစပ်ရာမြို့နယ်များမှ ဝယ်ယူရောင်းချရကာ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များကလည်း ၎င်းဆန်များကိုကြိတ်ခွဲရောင်းချပေးပါသည်။
၂၀၂၄ခုနှစ်၊ မေလကုန်တွင် မြို့နယ်ဆန်ဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၇၀၀၀၀)ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် (၁၁၇၀၀၀)ကျပ်၊ ပခန်းဆန်တစ်အိတ်လျှင် (၉၈၀၀၀)ကျပ်၊ ဧည့်မထဆန်တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်၊ မနောသုခဆန်တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်ဈေးနှုန်းရှိကြောင်း ကွင်းဆင်းမှုများအရသိရှိရပါသည်။
DOCA(ပဲခူး)