Main menu

ပခုက္ကူမြို့၏ ဇွန်လ(ပထမပတ်) ပဲစင်းငုံနီနှင့် မတ်ပဲဈေးနှုန်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ပဲမျိုးစုံဖြစ်သော ပဲစင်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲယင်းနီ၊ ပဲယင်းဝါများ၊ ပဲနီ၊ ပဲထောပတ်နှင့် အခြားပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက် ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။  ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်နေသောပဲများမှာ ပဲစင်းငုံနီ၊ ကုလားပဲဖြူလုံးကြီး၊ ပဲယင်း၊ ထောပတ်ပဲ၊ ပြောင်းဖူးစေ့ (CP)၊ ပဲလွန်းပြာနှင့် နေလဲစေ့များ အရောင်းအဝယ်ဖြစ်နေပါသည်။  ပခုက္ကူကုန်စည်ဒိုင်သည် ပခုက္ကူမြို့၏ စီးပွားရေးအချက်အချာကျပြီး ရောင်းဝယ်ဖောက်ကားရာတွင်လည်း နေရာဒေသစုံမှ လာရောက်အရောင်းအဝယ်ဖြစ်နေပါသည်။

       ၂၀၂၄ခုနှစ်၊ မေလ(တတိယပတ်)မှစ၍ ပဲစင်းငုံနီဈေးနှုန်းများ တဖြည်းဖြည်းမြင့်တက်လျက် ရှိပါသည်။ ပဲစင်းငုံနီတစ်တင်းလျှင် မေလ(စတုတ္ထပတ်)တွင် ကျပ်(၁၄၂၄၀၀)၊ ဇွန်လ(ပထမပတ်) တွင် ကျပ်(၁၄၂၆၀၀)ဖြစ်ပြီး မေလ(စတုတ္ထပတ်)နှင့် ဇွန်လ(ပထမပတ်)ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ပဲစင်းငုံနီတစ်တင်းလျှင် ကျပ်(၅၄၀၀)ဈေးနှုန်းမြင့်တက်နေကြောင်း၊ မတ်ပဲတစ်တင်းလျှင် မေလ(စတုတ္ထပတ်)တွင် ကျပ်(၁၀၁၀၀၀)၊ ဇွန်လ(ပထမပတ်)တွင် ကျပ်(၁၀၂၀၀၀)ဖြစ်နေပြီး မေလ(စတုတ္ထပတ်)နှင့် ဇွန်လ (ပထမပတ်)တို့ကိုနှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၁၀၀၀)ဈေးနှုန်းမြင့်တက်နေပြီး နေ့စဉ်အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိသည်။ အရောင်းအဝယ်ဖြစ်ခဲ့သော နေ့စဉ်အိတ်ရေမှာ ပဲစင်းငုံ(နီ) အိတ်(၈၀၀)၊ မတ်ပဲ အိတ်(၅၀မှ ၂၅၀ထိ) ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)