Main menu

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၌ FDA မှသတ်မှတ်ချက်နှင့် မကိုက်ညီသော ဖျော်ရည်အမျိုးမျိုးအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊  မြို့နယ်တာဝန်ခံသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ FDA ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ ဇွန်လ (၃) ရက်၊  နံနက် (၀၉:၀၀) နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ အိုအေစစ်ကုန်မျိုးစုံအရောင်းဆိုင်နှင့် ဂင့်ချွန်မုန့်ဆိုင်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တာဝန်ခံက အိုအေစစ်ကုန်မျိုးစုံအရောင်းဆိုင်နှင့် ဂင့်ချွန်မုန့်ဆိုင်တွင် FDA မှ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော အိုအေစစ် အမှတ်တံဆိပ် ဇီး၊ စတော်ဘယ်ရီ၊ နာနတ်၊ လိမ္မော်၊ ဘာလီ၊ စပျစ်ဖျော်ရည်နှင့် ဒင်္ဂါးအမှတ်တံဆိပ်  ချဉ်စော်ကားသီးဖျော်ရည်တို့အား ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)