Main menu

ကျွန်းလှမြို့ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  (.၆.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ မြိုနယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့ နယ်တာဝန်ခံတို့သည် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း(သို့မဟုတ်)ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/မရှိ၊ စံမညီဆေးဝါးများ၊ တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန် ဆေးဝါးများရောင်းချခြင်း မရှိစေရေးတို့အတွက် အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဆေးရောင်းချခွင့်လိုင်စင်ရှိ/မရှိ တရားမဝင် ဆေးဝါးများရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း(သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရနိုင်ပါကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး  စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်

DOCA(စစ်ကိုင်း)