မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကုန်းသာကျေးရွာတွင် မိုးနှမ်းများကို ၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် စတင်စိုက်ပျိုးပြီး တောင်သူ(၄၀)ဦးမှ စိုက်ဧက(၅၀၀)ဧကခန့်အားစိုက်ပျိုးထားရှိကြောင်း၊ နှမ်းဖြူကိုအများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။
နှမ်းဖြူ(၂၀)ဧကခန့်ကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားပြီး ရက်ပေါင်း(၇၅)ရက်အကြာတွင် ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် ယခင်နှစ်ကထွက်ရှိသော နှမ်းစေ့များကိုမျိုးအဖြစ် ဖယ်ချန်၍စိုက်ပျိုးပါကြောင်း၊ (၁)ဧကလျှင် မျိုး(၂)ပြည်ခန့်ကုန်ကျကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က (၁)ဧကစိုက်ပျိုးစရိတ်မှာ ကျပ်(၇၀၀၀၀)ခန့်သာကုန်ကျခဲ့ပြီး ယခုနှစ်တွင် မြေပြုပြင်ခ၊ လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၁၀၀၀၀၀)ခန့်ကုန်ကျပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် (၁၂)တင်းထွက်ရှိခဲ့ပြီး ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် ကျပ် (၁၂၀၀၀၀)ခန့်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းဘူးမြို့ရှိပွဲရုံများသို့တင်ပို့ရောင်းချပါကြောင်း ကုန်းသာကျေးရွာနေတောင်သူ ဦးကျော်သက်ထံမှ သိရှိရပါသည်။
DOCA(မကွေး)