Main menu

မကွေးမြို့၏စက်သုံးဆီစျေးနှုန်းများအနည်းငယ်ကျဆင်း

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

     မကွေးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံးပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄-ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင်ဖြစ်ပေါ်နေသော စက်သုံးဆီစျေးနှုန်းများမှာ ဓါတ်ဆီ (92) (၁) လီတာလျှင် ကျပ်(၂၆၄၅)၊ ဓါတ်ဆီ (95) (၁) လီတာလျှင် ကျပ် (၂၇၄၅)၊ ဒီဇယ်(ရိုးရိုး) (၁) လီတာလျှင် ကျပ် (၂၄၁၀)နှင့် ဒီဇယ်(ပရီမီယံ) (၁) လီတာလျှင် ကျပ်(၂၄၅၅)တို့ဖြစ်ပြီး မေလ(စတုတ္ထပတ်) နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ဓါတ်ဆီ (92) (၁) လီတာလျှင် ကျပ် (၆၀)၊ ဓါတ်ဆီ (95) (၁) လီတာလျှင် ကျပ် (၆၅)၊ ဒီဇယ်(ရိုးရိုး) (၁) လီတာလျှင် ကျပ် (၅)နှင့် ဒီဇယ်(ပရီမီယံ) (၁) လီတာလျှင် ကျပ် (၅)တို့ စျေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း သိရှိရပါသည်။

DOCA(မကွေး)