
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ပြည်သူများအဆင်ပြေစွာ စားသုံးဆီများဝယ်ယူအသုံးပြုနိုင်ရေးအတွက် (၆.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် Mpower Energy Company Limited ၏ စားသုံးဆီကိုယ်စားလှယ်ဒေါ်အေမီအောင်မှ အမှတ်(၁၁)ရပ်ကွက်၊ ဗဟိုကွက်သစ်ရပ်၊ မြေစာရင်းလမ်းတွင် ဆီပိဿာချိန် (၁၁၀၀)ပိဿာကို (၁)ပိဿာလျှင် ကျပ်(၅၈၀၀)နှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ရောင်းချပေးရာတွင် လူတစ်ဦးလျှင် စားသုံးဆီ (၁)ပိဿာနှုန်းဖြင့် (၆.၆.၂၀၂၄)ရက်နေ့တွင် ဆီပေပါ (၁၀)လုံး၊ ဆီပိဿာ(၁၁၀၀)ပိဿာအား ဒေသခံပြည်သူများအား လွတ်လပ်စွာရောင်းချပေးခဲ့ပြီး ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးက အနီးကပ်ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါစားသုံးဆီများကိုတနင်္ဂနွေနေ့မှလွဲ၍ နေ့စဉ်ရောင်းချပေးသွားမည်ဖြစ်ပြီး စားသုံးဆီ (၁)ပိဿာလျှင် ကျပ်(၅၈၀၀)ဖြင့် လူတစ်ဦးလျှင် စားသုံးဆီ(၁)ပိဿာနှုန်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)