
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးသို့ မြို့ပေါ်နေပြည်သူများ၊ ကန့်ဘလူမြို့နှင့်အနီးတဝိုက်ရှိ ပြည်သူများက နေ့စဉ်လာရောက်၍ ဝယ်ယူခြင်း၊ ဒေသထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရသည်။
၂၀၂၄ခုနှစ် ၊ ဇွန်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်တွင် ရောင်းချနေသည့် အာလူးသီးနှင့် ချင်းတက်ဈေးနှုန်းများမှာ အာလူးသီး(၁)ပိဿာလျှင် (၃၀၀၀)ကျပ် မှ(၃၅၀၀)ကျပ်၊ ချင်းတက်(၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်မှ(၁၂၀၀၀)ကျပ်ထိ ပစ္စည်းပေါ်မူတည်၍ ရောင်းချလျက်ရှိကြောင်း ၊ အာလူးသီးနှင့်ချင်းတက်များကို ရှမ်းပြည်နယ် ၊ အောင်ပန်းမှဝယ်ယူရကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။
DOCA(စစ်ကိုင်း)