Main menu

ဈေးကွက်ခိုင်မာလျှက်ရှိသည့် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းဧရာပဒေသာဆန်

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်သည်  လယ်ယာစိုက်ပျိုးရေးဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုကြပြီး စပါးစိုက်ပျိုးရန် မြေဆီမြေနှစ်နှင့်ဆည်ရေရရှိသဖြင့် ဧရာပဒေသာ စပါးကိုအဓိကထားစိုက်ပျိုးကြောင်း ဧရာပဒေသာဆန်ကိုဒေသစုံမှထွက်ရှိသော်လည်း မကွေးတိုင်း စလင်း၊ ကုန်းဇောင်း၊ ပွင့်ဖြူဘက်မှထွက်ရှိသည့် ဧရာပဒေသာဆန်ကိုမမှီကြောင်း ရေ၊ မြေ ရာသီဥတု ကွာခြားမှုကြောင့် ပွင့်ဖြူ၊ ကုန်ဇောင်းဧရာပဒေသာဆန်မှာ အရည်အသွေး‌ကောင်းမွန်ပြီး ပြည်တွင်းစားသုံးမှုတွင်လည်း လူကြိုက်များသဖြင့် ဈေးကွက်ခိုင်မာလျှက်ရှိကြောင်း သိရှိရပါသည်။

    ပွင့်ဖြူမြို့နယ်မှထွက်ရှိသည့် ကုန်းဇောင်းဧရာပဒေသာ ဆန်မှာထမင်းသားနူးညံ့ခြင်း၊ အေးသွားပါကထမင်းမမာခြင်း၊ နှစ်ရက်ထိထမင်းအထားခံနိုင်ခြင်း၊ ပေါ်ဆန်းနှင့်တွဲ၍စားသုံးပါက အထူးကောင်းမွန်ခြင်း၊ ဆီးချို၊ သွေးချိုသမားများအတွက်အထူးသင့်လျှော်ပြီး ရွှေဘိုပေါ်ဆန်းနေရာတွင် အစားထိုးစားသုံးမှုများရှိလာသည့်အတွက် မကွေး၊ မင်းဘူး၊ ချောက်၊ မန္တလေး၊ ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့များအပြင် နေပြည်တော်သို့လည်း တင်ပို့ရောင်းချရကြောင်း၊ ယခုနှစ် သီးနှံပေါ်ချိန် နိုဝင်ဘာလမှ ဒီဇင်ဘာလတွင် စပါး (၄၆)ပေါင်တစ်တင်းကို (၉၀၀ဝိ/-မှ ၉၅၀ဝိ/-) နှင့်ဆန်(၂၄)ပြည်တစ်အိတ်ကို (၃၈၀၀ဝိ/- မှ၃၉၀၀ဝိ/-)ထိလည်းကောင်း၊ ဒီဇင်ဘာလမှ ဇန်နဝါရီလတို့တွင် စပါး (၄၆)ပေါင်တစ်တင်းကို (၉၅၀ဝိ/-မှ ၁၀၀၀ဝိ/-)နှင့် ဆန်(၂၄)ပြည်တစ်အိတ်ကို (၃၉၀၀ဝိ/-မှ၄၀၀၀ဝိ/-)လည်းကောင်း၊ ယခုလက်ရှိပေါက်ဈေးမှာ စပါး(၄၆)ပေါင် တစ်တင်းကို(၁၁၀၀ဝိ/-မှ ၁၂၀၀ဝိ/-)နှင့်ဆန်(၂၄)ပြည်တစ်အိတ်ကို (၄၃၅၀ဝိ/-မှ ၄၅၀၀ဝိ/-)ထိဈေးနှုန်းမြင့်တက်လျှက်ရှိ သော်လည်း ဧရာပဒေသာဆန်ကို စားသုံးနေကြလူများအဖို့ ကုန်ဇောင်းဧရာပဒေသာဆန်ကိုသာ ရွေးချယ်စားသုံးကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)