Main menu

ပြည်ခရိုင် ရွှေတောင်မြို့နယ်ရှိ ဂန္ဓမာပန်းစိုက်ကွင်းသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများသည် ဂန္ဓမာပန်း စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ပါရန် ဝါးတောအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာသို့ (၂၁.၂.၂၀၂၂) ရက်နေ့ နေလည် (၁:၃၀)အချိန်တွင် ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ပါသည်။

          ရွှေတောင်မြို့နယ်တွင် ဂန္ဓမာပန်းစိုက်ဧကမှာ ၃၀၀ကျော်ရှိပြီး ဝါးတောအုပ်စုတွင် ဧက (၄၀)ခန့်စိုက်ပျိုးထားပါသည်။ ဂန္ဓမာပန်းစိုက်ပျိုးရာတွင် တစ်ဧကလျှင် အပင်(၁)သိန်းကျော် စိုက်ပျိုးနိုင်ပြီး အပင်ရှစ်သောင်းခန့်သာရောင်းတန်းဝင်သော ပန်းပင်များဖြစ်ပါသည်။ ဂန္ဓမာပန်း၏ (၁)ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၂၅)သိန်းခန့်ကုန်ကျပြီး တစ်ဧကလျှင် အပင် ရှစ်သောင်း ခန့်ထွက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် အပင်၁ပင်လျှင် ၆၀ ကျပ်မှ ၁၂၀ကျပ်ထိ ဈေးရရှိသဖြင့် တစ်ဧကအကျိုးအမြတ်မှာ ၂၃သိန်း မှ သိန်း၇၀အထိ ရရှိကြောင်းသိရှိရပါသည်။

          ရွှေတောင်မြို့နယ်၊ ဝါးတောအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာတွင် ဂန္ဓမာပန်းကို မိသားစုတစ်ပိုင်တနိုင်ဝင်ငွေရရှိနိုင်ရန် ဧကလိုက်မစိုက်ပျိုးဘဲ အများဆုံးစိုက်ပျိုးဧကမှာ (၂၅)ဧကသာ စိုက်ပျိုးကြောင်းသိရှိရပြီး စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ ၆၂၀၀၀၀ကျပ်ခန့်ကုန်ကျပြီး ပန်းပင် အရေအတွက်မှာ (၂)သောင်းကျော်ခန့်ထွက်ရှိပြီး တစ်ပင်ကို ၆၀ကျပ်ဖြင့်ရောင်းချပါသည်။ ထွက်ရှိသော ဂန္ဓမာပန်းများကို ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးနှင့် ပြည်မြို့ရှိဈေးကွက်များသို့ ရောင်းချပါသည်။ ဂန္ဓမာပန်းသည် အကျိုးအမြတ်များသောပန်းဖြစ်သဖြင့် ရွှေတောင်မြို့နယ်အပြင် အခြားမြို့နယ်များပါ စိုက်ပျိုးမည်ဆိုပါက ပန်းစိုက်တောင်သူများအနေဖြင့် မိသားစု တပိုင်တနိုင်ဝင်ငွေအပြင် ဧကတိုးချဲ့စိုက်ပျိုးနိုင်ပါက အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)